MM က new rocker ပါ။ IC, The Ants တို့လောက်မကောင်းပေမယ့်.. MM own tune လောကမှာ လက်ခံသင့်တဲ့သူပါ။ အဆိုပိုင်းမှာ လေးဖြူ၊ အငဲတို့နဲ့ တချက်တချက်သွားဆင်တာရယ်၊ ‘တ’ နဲ့ ‘သ’ နဲ့ မကွဲတာရယ် (ဒါကလည်း တိုင်းရင်းသားမို့ နေမှာပါ) ကလွဲပြီး ဘာမှပြောစရာမရှိပါဘူး။ အတီးပိုင်းလည်း တော်တော်လေး အဆင့်မှီပါတယ်။ ( ကျွန်တော်မကြိုက်တာလေးတခုက slur တွေသုံးလွန်းတာ၊ နဲနဲ ဇာတ်ဆန် သွားတယ်.... ဟီး.... ကိုယ့်ကြဘယ်လိုပြောကြဦးမယ်မသိဘူး :D )။ သီချင်းတွေလည်း ‘နာ ၃ နာ’ ကလွဲလို့ အားလုံးလိုလိုကြိုက်ပါတယ်။ Audio CD ကို သူများဖွင့်လို့ နားထောင်ဖူးတာတော့ ကြာပါပြီ။ စကြားထဲက သတိထားမိလိုက်တယ်... ဒါ owntune... မဆိုးဘူး... ဒါပေမယ့် ဆက်နားမထောင်ဖြစ်ခဲ့ဘူး။ ဒီနေ့မှ သူငယ်ချင်းတစ်ယောက်က VCD ယူလာတာနဲ့... Foreign က MM Rock ပရိတ်သတ်တွေအတွက် တင်ပေးလိုက်ပါတယ်။ ကြိုက်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်.....

ဒီမှာယူပါ။

  • ဝိဥာဉ် (စနားထောင်ရတဲ့ သီချင်းပါ၊)
  • အတိုင်းထက်အလွန် (ဒါကတော့ လူတိုင်းကြိုက်မယ့် တစ်ပုဒ်)
  • မင်းမသိဘူး (Collective Soul တို့ Cold Play တို့လို style Slow Rock လေးပါ။ သိပ်တော့မကြိုက်)
  • သံချေးတက်နေ့တွေ (ဒီအပုဒ်က Intro, Verse, Pre-Chorus ထိဟုတ်မလိုလိုနဲ့ Chorus ရောက်မှ ရှူးသွားတယ်၊ ကြိုက်တော့ကြိုက်ပါတယ်)
  • မျဉ်း (ဒီဟာတော့တော်တော်ကြိုက်တယ်.. (ကိုယ်နဲ့ပဲတိုက်ဆိုင်လို့လားတော့မသိဘူး... ဟီး..) Style ကတော့ Red Hot Chilli Peppers လို ပြောင်ချော်ချော်၊ ပေါ့ပေါ့ပါးပါးလေး..)
  • မတန်ဘူး (ဒါလဲ ကြိုက်တယ်..(တိုက်ဆိုင်တာလည်းပါမှာပေါ့..) Intro မှာ Slur တွေများတာကလွဲလို့)
  • ပြန်ဆုံကြမယ် (ကောင်းပါတယ်၊ သိပ်တော့မကြိုက်ဘူး...)
  • နာ ၃ နာ (လုံးဝမကြိုက်)
  • လက်တော်ထဲ (အကြိုက်ဆုံးအပုဒ်ပါ)

0 comments:

 
Top